Skip to main content

ဆက်လက်လျှောက်လှမ်းရဦးမည့် ငြိမ်းချမ်းရေးခရီး

လူသားနှင့် ပဋိပက္ခသည် ဒွန်တွဲနေတတ်ပါသည်။ ပဋိပက္ခသည်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဟုလည်း ဆိုပါသည်။ အမိတစ်ဝမ်းတည်းမှ မွေးဖွားခဲ့ကြသည့် မိသားစုအတွင်း ပင်၌ပင် ပဋိပက္ခများနှင့် မကင်းနိုင်ပါ။ မတူကွဲပြားသည့်သူများနှင့် စုစည်းနေထိုင်ကြလျှင် ပဋိပက္ခများ ပို၍ရှိမည်ဖြစ်သည်။ ပဋိပက္ခရှိသည် ဆိုသော်လည်း အနည်းအများ၊ အတိမ်အနက်တော့ တူချင်မှတူပါမည်။ မည်သို့မတူညီသည်ဖြစ်စေအများနှင့် စုစည်းနေထိုင်လုပ်ကိုင်လျှင်ယင်း ပတ်ဝန်းကျင်၌ ပဋိပက္ခများ ရှိနေပေလိမ့်မည်။ ထိုသို့ပဋိပက္ခများရှိသည်မှာ ပြဿနာမဟုတ်။ သဘာဝဖြစ်သည်။
Subscribe to NCA