အကြမ်းဖက်မှုပြဿနာ၊ စစ်ပွဲသံသရာနှင့် ယနေ့ကမ္ဘာ
အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဟားမားစ် စစ်သွေးကြွတို့၏ ယခုအကြိမ်အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်မှုကအစ္စရေးနိုင်ငံသမိုင်းတွင် မကြုံစဖူးရာဇဝင်တွင်သွားခဲ့သည်။ ဟားမားစ်တို့၏ တိုက်ခိုက်မှု အတွင်း အစ္စရေးနိုင်ငံသား ၁၄၀၀ ထက်မနည်းသေဆုံးခဲ့ပြီး နှစ်ရာကျော်မှာ ဓားစာခံများအဖြစ် ဖမ်းဆီးခံခဲ့ရသည်။