မြန်မာအမျိုးသမီးလူ့စွမ်းအားအရင်းအမြစ်များ
မြန်မာအမျိုးသမီးများသည် “ဟီရိ ဩတ္တပ္ပ”တရားနှင့် ကြီးပြင်းလာခဲ့သူများ ဖြစ်ပါသည်။ “ဟီရိဩတ္တပ္ပ”တရားသည် “ဟီရိ”နှင့် “ဩတ္တပ္ပ”ကို တွဲဖက်ထားခြင်းဖြစ်သည်။ ဟီရိသည် “မကောင်းမှုကျူးလွန်ရန်ရှက်ခြင်း”ဖြစ်ပြီး ဩတ္တပ္ပသည် “မကောင်းမှု ကျူးလွန်ရန် ကြောက်ခြင်း”ဖြစ်ပါသည်။ ထို“ဟီရိဩတ္တပ္ပ”တရားကို “လောက ပါလတရား”ဟု ဆိုပါသည်။ “လောက ပါလတရား”သည် လောကကို စောင့်ရှောက်နေသော တရားပင်ဖြစ်ပါသည်။ လောကကို စောင့်ရှောက်နေသော လောကပါလတရားဖြစ်သည့် “ဟီရိဩတ္တပ္ပ”တရားနှင့် ကြီးပြင်းလာခဲ့ရသော မြန်မာအမျိုးသမီးများသည် လောကကိုစောင့်ရှောက်နေကြသူများပင် ဖြစ်ပါသည်။