Skip to main content

ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့

ကျွန်ုပ်တို့  ယနေ့ကြုံတွေ့နေရသည့် ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ တစ်ရပ်ဖြစ်လာသည်။ ပလတ်စတစ်အိတ်များ၊  အသုံးအဆောင်များနှင့်  ပရိဘောဂများ သုံးစွဲမှုများ ပြားလာသည်နှင့်အမျှ ပလတ်စတစ် စွန့်ပစ်ပမာဏလည်း မြင့်တက်လာပြီး ညစ်ညမ်းမှု ဖြစ်လာစေ သည်။ ထိုပြဿနာကို အလေးအနက် ထားပြီး တိုက်ဖျက်ရန်အချိန်တန်ပြီဖြစ်သည်။ ကမ္ဘာ လုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ထူးခြားလေးနက်သည့်  မှတ်တိုင်တစ်ရပ် စိုက်ထူခဲ့သည့် နေ့ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Solutions to Plastic Pollution” “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့  ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့”  ဟူ၍  သတ်မှတ်ထားသည်။
Subscribe to ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး