မရေရာ မသေချာမှုကြားမှ အိမ်ပြန်ချင်ကြသူများအတွက် . . .
မိမိပုံမှန်နေထိုင်ရာ ဒေသ၊ နေရပ်၊ အိမ်ရာဝန်းကျင်မှ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာချင်သူဟူ၍ ရှိမည်မဟုတ်ပါ။ ယာယီဖြစ်ဖြစ်၊ ရေရှည်ဖြစ်ဖြစ် ဘယ်လိုအကြောင်းမျိုးနှင့်မှ စွန့်ခွာချင်ကြမည် မဟုတ်၊၊ သို့သော် မတည်ငြိမ် မအေးချမ်းသောဒေသများတွင် မမျှော်လင့်ဘဲ ခါးသီးလှသည့် တိုက်ပွဲများ၊ သဘာဝကပ်ဘေးနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မိမိတို့ အသက်ရှင်သန်ရေး၊ အခြေခံစားဝတ်နေရေး လိုအပ်ချက်များအတွက် မိမိတို့နေရပ်ကို စွန့်ခွာနေရသူများ၊ ရှောင်တိမ်း နေရသူများ၊ ခိုလှုံနေရသူများ Internally Displaced Persons (IDPs)ဟူသော အသုံးအနှုန်းနှင့်ကား ယဉ်ပါးနေရသည်။