Skip to main content

ဂုဏ်ယူစရာအခွင့်အလမ်းတစ်ခုမှာ အတူရှိစေချင်ပါသည်

ခေတ်အဆက်ဆက်ဆက်ခံကြသည့် သမိုင်းအမွေအနှစ်များစွာတွင် အနုပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မွန်မြတ်သော မြန်မာ့ရုပ်ရှင်သည်လည်း အစဉ်အလာကောင်းများစွာဖြင့် သမိုင်း မော်ကွန်းကောင်းများကို စိုက်ထူနိုင်ခဲ့သည်ချည်း ဖြစ်သည်။ ခေတ်အဆက်ဆက် ပြည်သူချစ်သောအနုပညာရှင်များသည် မြန်မာ့ယဉ်ကျေးမှုကို ရသအစုံဖြင့် သရုပ်ဖော်ခဲ့ကြပြီး သရုပ်ပျက်ယဉ်ကျေးမှုကို တိုက်ဖျက်နိုင်စွမ်းရှိခဲ့သည်။ ဖြေဖျော်ရေးသာမက တိုင်းပြည်ချစ်စိတ်၊ အမျိုးချစ်စိတ်၊ ဘာသာသာသနာစောင့်ရှောက်လိုစိတ်များကို ပေးစွမ်းနိုင်ခဲ့သည့်အပြင် ဘဝအတွက် ပညာပေးသင်ခန်းစာများကိုလည်း အတုယူဖွယ် ထုတ်ဖော်ပြသနိုင်ခဲ့ကြသည်။
Subscribe to ဂုဏ်ယူစရာအခွင့်အလမ်းတစ်ခုမှာ အတူရှိစေချင်ပါသည်