ဖြူစင်သောစိတ်ထားနဲ့ သူများကောင်းအောင်ကြိုးစားပါ
မြတ်ဗုဒ္ဓရဲ့ တရားဓမ္မများကို Organizational Behavior ဘာသာရပ်နဲ့ ချဉ်းကပ်လေ့လာတဲ့ ပုံစံမျိုးနဲ့ရေးသားပြီး ဖတ်ရှုသူများရဲ့ အပြုအမူပြောင်းလဲရာမှာ အထောက်အပံ့ ဖြစ်စေရေး ရည်ရွယ်ချက်၊ နိုင်ငံတကာပညာရှင်များရဲ့ အတွေးအခေါ်သဘောတရားများ၊ သီအိုရီများနဲ့ ပေါင်းစပ်ရေးသားနေမှုမှာ မြတ်ဗုဒ္ဓရဲ့ တရားတော်များကလိုအပ်ချက်ရှိ နေခြင်းကြောင့်မဟုတ်ဘဲ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ လောက်ကတည်းက ဟောကြားခဲ့တဲ့ တရားတော်များဟာ ဘယ်လောက် ပြည့်စုံမှန်ကန်မှုရှိကြောင်း ဖော်ထုတ်ရေး သားနေခြင်း ဖြစ်ပါတယ်။ စာရေးသူရဲ့ ဦးတည်ရည်ရွယ်ရေးသားမှုအပေါ် စာဖတ်သူများကိုယ်တိုင် ဖတ်ရှုပြီး ကိုယ်ပိုင်အသိနဲ့ ချင့်ချိန်ဆုံးဖြတ်သွားနိုင်စေဖို့ ရည်မှန်းချက် ထားရှိပါတယ်။