မြန်မာ့လယ်ယာခေတ်ကောင်းသို့ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆန်၊ ပဲ၊ ပြောင်း၊ ဝါ၊ဆီထွက်သီးနှံအထွက်နှုန်းများဖွံ့ဖြိုးတိုးတက်ရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်းများလည်း အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြသည်။ ပြည်တွင်းမှပိုလျှံသည့် စားရေရိက္ခာများကို ပြည်ပသို့တင်ပို့ရောင်းချနိုင်စွမ်းအားရှိသဖြင့် မြေကြီး ကရွှေသီးသည်ဟုပင် သတ်မှတ်ခေါ်ဆိုနိုင်သည်။ နိုင်ငံတော်အနေဖြင့် စားရေ ရိက္ခာဖူလုံရေးလုပ်ငန်းများကို ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရန်အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” ဟု အတိအလင်းဖော်ပြထားသည်။