ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးခြင်းသည်အင်အား
ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အသီးကိုစားရ မည်၊ ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အပွင့်ကို ပန်ရမည်ဟူသောအသိဖြင့် အသီးစားလိုသူက သီးပင်စိုက်သလို အပွင့်ပန်လိုသူက ပန်းပင်စိုက်ကြ သည်။ မသီးမပွင့်သော်လည်း ကြီးမားသောအရိပ်၊ အေးမြသောအရိပ်ကိုပေးသည့်အပင်ကို အရိပ်ခို လိုသူတို့ စိုက်ကြသည်။
ထိုနည်းတူစွာ တိုင်းပြည်အခြေအနေ အရပ်ရပ် အတွက် အမြော်အမြင်ကြီးစွာဖြင့် ပြည်သူပြည်သား တို့ အရိပ်လည်းခိုစေ၊ အသီးလည်းစားစေ၊ အပွင့် လည်းပန်နိုင်စေရန် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားကို စုစည်းကာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဟူသည့်အပင်ကြီးကို စိုက်ခဲ့ခြင်းဖြစ်ပါသည်။