ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းမှုရရှိခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ခဲ့သည်။ အစိုးရ၊ တပ်မတော်နှင့် ဒေသဦးစီးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ၁၉၉၁ ခုနှစ် မတိုင်မီက ပအိုဝ်းဒေသ၏ အခြေအနေနှင့်နှိုင်းယှဉ်ပါက များစွာကွာခြားသွားခဲ့ပြီဖြစ်သည်။
ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့တို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းလိုက် ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ အဆိုပါ အပြောင်း အလဲများအားလုံးသည် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူလူထုအားလုံး၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ ချမှတ်ထားခြင်းဖြစ်ပြီး အန္တိမရည်မှန်းချက်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲအပ်ရန်အတွက်ကိုမူ အပြောင်းအလဲမရှိ မပျက်မကွက် ချမှတ်ထားသည်ကို တွေ့ရှိနိုင်သည်။