အာဇာနည်နေ့ကို သင်ခန်းစာယူကြဖို့လို
ရန်ကုန်အနောက်ပိုင်းခရိုင်က အများပြည်သူပြောကြား အာဇာနည်နေ့ အမှတ်တရ စကား
အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူး တရားများကို အောက်မေ့သတိရစွာဖြင့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ မြို့နယ် များတွင် ကျင်းပသွားရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အများပြည်သူပြောကြားသည့် အာဇာနည်နေ့ အမှတ်တရစကားများကို စုစည်း ဖော်ပြလိုက်ရပါသည်။
▲▲ စာရေးဆရာမ ပုညခင် ▲▲
(မရမ်းကုန်းမြို့နယ်)
ပြည်ထောင်စု၏ အခြေခံစိတ်ဓာတ်
မည်သည့်နေရာဒေသသို့ ရောက်ရှိသည်ဖြစ်စေ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံသူ၊ နိုင်ငံသားမျိုးစုံတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြရာ၌ တစ်ယောက်နှင့်တစ်ယောက်၊ အသိုက်အဝန်းတစ်ခုနှင့်တစ်ခု ချစ်ချစ်ခင်ခင်အတူ လက်တွဲနေထိုင်ကြသည်ကို မြင်တွေ့ရသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သလို ဝမ်းမြောက်ဖွယ်လည်း ကောင်းလှပါသည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံအတွင်း စုစုစည်းစည်း၊ ချစ်ချစ်ခင်ခင်နေထိုင်ခြင်းသည် နိုင်ငံ၏အင်အား ဖြစ်သလို အနာဂတ်ကို တည်ဆောက်ရမည့် ပြည်ထောင်စုကြီး၏ အခြေခံစိတ်ဓာတ်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တမူးမြို့သို့ရောက်ရှိစဉ် ပြောကြားခဲ့သည်။