နိုင်ငံတစ်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား မိတ်ဆက်တင်ပြခြင်း
ဥပဒေနှင့်အညီ ဆုံးဖြတ်ပါ။ မှန်မှန်နှင့်မြန်မြန်စီရင်ပါ။ လုပ်ထုံးညီညီ ဆောင်ရွက်ပါ။ လာဘ်ပေးလာဘ်ယူ ကင်းရှင်းပါ။ ဖြောင့်မတ်တည်ကြည်မှုဖြင့် တရားရုံး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါဟူသည့် တရားစီရင်ရေး ဆောင်ပုဒ်များအရလည်းကောင်း၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဟူသော တရားရုံးများ၏ ရည်မှန်းချက်များကို လည်းကောင်း၊