စိုက်သုမြေမှသန္ဓေတည်လာသည့် နေကြာသီးနှံသုတေသနရလဒ် များမှသည် တောင်သူအများ ဝင်ငွေတိုးတက်ရေးဆီသို့
နေကြာသီးနှံသည် ကမ္ဘာ့စားသုံးဆီ အများဆုံးထုတ်လုပ်နိုင်သော သီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ နေကြာ၏ မူရင်းဒေသသည် မြောက်အမေရိကတိုက်ဖြစ်သည်။ နေကြာပင်သည် စုပေါင်းမျိုးရင်း Asteraceae တွင်ပါဝင်ပြီး ကမ္ဘာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ နေကြာကို အင်္ဂလိပ်အမည် Sunflower ခေါ်ပြီး လက်ရှိစိုက်ပျိုးနေသော Helianthus Annuus မျိုးစိတ်ဖြစ်သည်။ Helius ဂရိဘာသာစကားဖြင့် နေဟုအဓိပ္ပာယ်ရပြီး Anthos သည် ပန်းဟုအဓိပ္ပာယ်ရသည်။ နေကြာဟုအမည်တွင်ခြင်းမှာ နေသွားရာ လမ်းအတိုင်းလှည့်ပတ်သည့် သတ္တိ Heliotropism ရှိခြင်းကြောင့်ဖြစ်သည်။