အဂတိပယ်ခွာ ပြည်သာယာဖို့ 1111 ကို ဖြေကြားစို့
“အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်း ဆိုးရွားစွာ အတွင်းလှိုက်စားသော ကူးစက်ပျံ့နှံ့သည့် ကပ်ရောဂါတစ်ခုဖြစ်သည်” ဟု ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင် ဖော်ပြထားသည်။ ရောဂါဆိုသည်မှာ မဖြစ်ခင် ကြိုတင်ကာကွယ်ရမည်ဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံတိုင်းအနေဖြင့် “အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရန်ထိရောက်သည့် လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များကိုချမှတ်ရမည်” ဟု ကွန်ဗင်းရှင်းအခန်း (၂) အပိုဒ် ၅၊ အပိုဒ်ခွဲ(၂)တွင် တိုက်တွန်းထားသည်။