Skip to main content

နယ်စပ်ဒေသရှိ ကျေးရွာများသို့ ပေးဝေသည့် မေတ္တာရေစင်

လူနှင့်သက်ရှိများ အသက်ရှင်သန်နိုင်ရေးအတွက် ရေသည် မရှိမဖြစ်လိုအပ်ပါသည်။ ကမ္ဘာ့မြေမျက်နှာ ပြင်၏ ၇၀ ရာခိုင်နှုန်းကို ပင်လယ်၊ သမုဒ္ဒရာများက ဖုံးလွှမ်းထားသည်။ ကမ္ဘာ့ရေထုအားလုံး၏ ၉၈ ရာခိုင်နှုန်းသည် ပင်လယ်နှင့် သမုဒ္ဒရာများရှိ သောက်သုံး၍ မရသော ဆားငန်ရေများအဖြစ်သာ ရှိနေကြသဖြင့် ကျန် ၂ ရာခိုင်နှုန်းမျှသော ကမ္ဘာ့ရေထုသည်သာ ရေချိုအဖြစ် တည်ရှိနေကြပါသည်။ ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ၃၆ ရာခိုင်နှုန်းမျှသာဖြစ်ပြီး အလွန်နည်း သော်လည်း ဂါလန်အားဖြင့် အမြောက်အမြားရှိနေသောကြောင့်သာ ကျွန်ုပ်တို့ နေ့စဉ်ရေအတွက် မပူမပင်သုံးစွဲနေရခြင်း ဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်တွင်လည်း ရေသည် ၆၅ ရာခိုင်နှုန်းပါဝင်နေပြီး သာမန်အားဖြင့် လူတစ်ယောက်သည် တစ်နေ့လျှင် ရေနှစ်လီတာခန့်သောက်သုံးရန် လိုအပ်ပါမည်။
Subscribe to သောက်သုံးရေ