အဂတိတိုင်ကြားစာနှင့် သတိပြုစရာ
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို | ၇-၈-၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၅-၂-၂၀၁၄ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ သက်တမ်းကာလ ရှစ်နှစ်ခန့်ရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။