ကျူးကျော်စစ်ပွဲများမှ အတိတ်သမိုင်းသင်ခန်းစာများ
ကျွန်တော်တို့ဟာ ပစ္စုပ္ပန်မှာ မိမိဘဝနဲ့ မိမိလူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တိုးတက်အောင် စံနှုန်းတွေနဲ့အညီ ကြိုးစားနေထိုင်နေကြရတဲ့ သူတွေချည်းပါပဲ။ ဒီလိုကြိုးစားရာမှာ အတိတ်ကိုလည်း မေ့ထားလို့မရတဲ့အပြင် ထိုအတိတ်ဆီကပဲ သင်ယူလေ့လာစရာတွေ၊ သင်ခန်းစာယူစရာတွေ အများကြီးရှိနေတဲ့အတွက် ရယူတတ်မယ်ဆိုရင် လွန်စွာအကျိုးရှိပါ လိမ့်မယ်။ အတိတ်က ကိုယ့်အမှားတွေကို သုံးသပ်အဖြေရှာနိုင်ဖို့အပြင် သူများရဲ့အမှားမှလည်း သင်ခန်းစာယူနိုင်မှ၊ လေ့လာနိုင်မှသာ ပစ္စုပ္ပန်ကိုတန်ဖိုးထားတတ်ပြီး အနာဂတ်စိန်ခေါ်မှုတွေကို မှန်မှန်ကန်ကန်နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။