V-Process Casting Method ဖြင့် အသေးစား အလတ်စား စက်မှုလုပ်ငန်းများဖော်ဆောင်ကာ သတ္တုပန်းကနုတ်ထုဆစ် ပုံတူသွန်းထည်ပစ္စည်းများ စီးပွားဖြစ်ထုတ်လုပ် ရောင်းချနိုင်အောင် ဆောင်ရွက်နိုင်ရေး
V-Process Casting နည်းစဉ်ကို ဂျပန်နိုင်ငံက ၁၉၇၀ ပြည့်နှစ် အနှောင်းပိုင်းတွင် အောင်မြင်စွာ တီထွင်မှတ်ပုံတင်ပြီး ၁၉၈၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသို့ နည်းပညာရောင်းချပေးခဲ့ပါသည်။ တရုတ်နိုင်ငံက ပြည်တွင်း၌ ကားပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်ရုံထုတ်လုပ် မှုလုပ်ငန်းများသုံးစက်ကြီးများ အတွက်လိုအပ်သောအစိတ်အပိုင်းများနှင့် အစိတ်အပိုင်းများ စုဖွဲ့တပ်ဆင်ထားသည့်အုပ်စုကို ထည့်သွင်းရန် လိုအပ်သော ကိုယ်ထည်ကြီးများ (Components, Housings for Components Assembled Group) ထုတ်လုပ်ခြင်းအတွက် ထိရောက် ကျယ်ပြန့်စွာ သုံးလျက်ရှိပါသည်။