တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်သွယ်သွားလာနိုင်သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)က လမ်းတံတားများ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်သည် ကဿပမြတ်စွာဘုရားလက်ထက်တွင် ခဏ္ဍဝဇီရကို စိုးစံတော်မူပြီးနောက် ဆက်ခံစိုးစံမည့်အနွယ်မရှိဘဲဖြစ်နေစဉ် ဂေါပါလအမည် ရှိသော နွားကျောင်းသားသည် ကျီးတို့၏ကျေးဇူးကြောင့် ခဏ္ဍဝဇီရပြည်သို့ရောက်ရှိပြီး ဘုရင်ဖြစ်လာသည်။ ဂေါပါလမင်းအုပ်စိုးစဉ်တိုင်းပြည် ကိုရေလွှမ်းမိုးပြီး ရေအိုင်ကြီးဖြစ်သွားရာ ဓမ္မိလရေအိုင်ဟု အမည်တွင်ခဲ့လေသည်။