မကြာမီ ပြီးစီးတော့မည့် မြို့ရှောင်လမ်းကွန်ရက်များနှင့် ဖွံ့ဖြိုးလာမည့် ဒေသစီးပွား
လူဦးရေထူထပ်သည့် ပဲခူးမြို့ပြကို ရှောင်ရှားပြီး အရှေ့မြို့ရှောင်လမ်းနှင့် အနောက်မြို့ရှောင် လမ်းနှစ်ခုကို လမ်းကွန်ရက်တစ်ခုအဖြစ် ချိတ်ဆက်ဖောက်လုပ်ပေး ခြင်းဖြင့် ယာဉ်ကြီးယာဉ်ငယ် အသွယ်သွယ်တို့ အဆင်ပြေပြေ ဖြတ်သန်းသွားလာနိုင်ရေးကို ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနအနေဖြင့် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပဲခူးမြို့တွင်းသို့ နေ့စဉ်ခန့်မှန်း ယာဉ်အစီးရေ တစ်သောင်းကျော်စီးဝင်ပြီး ကုန်စည်သယ်ယူ ပို့ဆောင်သည့် ယာဉ်ကြီးများကြောင့် မကြာခဏယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခြင်းကို ကျော်လွှား သွားနိုင်ရန်ဖြစ်သည်။