Skip to main content

မြို့တွင်းရေဝပ်သည့်နေရာများအား ရေနုတ်မြောင်းများနှင့် ရေဆင်းစနစ်များ ပြုပြင်ဆောင်ရွက်ပေး နိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း သြဂုတ် ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝပ်တင်ကျန်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေဝပ်တင်ကျန်သည့် နေရာများ၊ ရေနုတ်မြောင်းများနှင့် ရေဆင်းစနစ်များ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာအတွင်း အခြေခံပညာကျောင်းလိုအပ်ချက်များနှင့် ဒေသခံပြည်သူများ၏ လိုလားချက်များအား သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တီယန်ဇွပ်ကျေးရွာအတွင်း အခြေခံပညာကျောင်း လိုအပ်ချက်များနှင့် ဒေသခံပြည်သူ များ၏ လိုလားချက်များအား ယနေ့ နံနက်ပိုင်းတွင် သွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကချင်စုရပ်ကွက်ရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်အတွင်းနှင့် ကချင်စု ရပ်ကွက်တွင်း လမ်းသွယ်များ အဆင့်မြှင့်တင် ဆောင်ရွက်‌ပေးနိုင်ရေး ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

 

မြစ်ကြီးနား     ဇန်နဝါရီ ၃

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် စေတနာ့သွေးသန့်သွေးလှူရှင် များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ ကျင်းပပြုလုပ်သည်။

Subscribe to မြစ်ကြီးနား