Skip to main content

မရှိမဖြစ်အောက်ဆီဂျင်

အောက်ဆီဂျင်ဟာ လေထုထဲမှာ အဓိကပါဝင်ပြီး သက်ရှိသတ္တဝါတွေ အတွက် အရေးပါတဲ့ ဓာတ်ငွေ့တစ်မျိုး ဖြစ်ပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ကို ၁၇၇၄ ခုနှစ်မှာ ဂျိုးဇက်ပရီးစတီး အမည်ရှိ အင်္ဂလိပ်ဓာတုဗေဒပညာရှင်က ဒြပ်စင်တစ်ခုအဖြစ်တွေ့ရှိခဲ့ပြီး ၁၇၇၇ ခုနှစ်မှာ ပြင်သစ်ဓာတုပညာရှင် အန်တွိုင်းလဗွိုင်ယာစီက ဆက်လက် စမ်းသပ်ကာ အောက်ဆီဂျင်လို့ အမည် ပေးခဲ့ပါတယ်။ ဓာတုသင်္ကေတနဲ့ အဆင်းကင်းမဲ့တဲ့ အောက်ဆီဂျင်ဟာ စကြဝဠာကြီးအတွင်း ဟိုက်ဒရိုဂျင် နဲ့ နိုက်ထရိုဂျင်ပြီးနောက် အများဆုံး တွေ့ရှိရတဲ့ ဒြပ်စင်ဖြစ်တယ်။ ကမ္ဘာ့ လေထုရဲ့  ၂၁ ရာခိုင်နှုန်းမှာ အောက်ဆီဂျင် ဖြစ်ပါတယ်။ အောက်ဆီဂျင်ကို ဓာတ်ငွေ့ သန့်သန့်အနေနဲ့သော် လည်းကောင်း၊ အခြားဒြပ်စင်တွေနဲ့ ပေါင်းစပ်၍သော် လည်းကောင်း ကျွန်မတို့ပတ်ဝန်းကျင် မှာ အများအပြား တွေ့ရတယ်။
Subscribe to မရှိမဖြစ် အောက်ဆီဂျင်