Skip to main content

ဆရာကြီး စည်သူ ဒေါက်တာကျော်စိန်၏ ဘဝနှင့် စာပေ

ဘဝ ရည်မှန်းချက်ပန်းတိုင် ပေါ်လာ၏။ ငါသည် တက္ကသိုလ်ဆရာ ဘ၀ဖြင့်ကြီးပွား တိုးတက်အောင်မြင်အောင် ဆောင်ရွက်တော့အံ့ ဟု စိတ်ကို ဆုံးဖြတ်ကာ လခ ၃၀၀ စား နည်းပြဆရာအဖြစ် ပထမဆုံးသော ခြေလှမ်းကို စတင်လိုက်၏။ ထို အချိန်မှစ၍ စိတ်ပညာတွင် အထွတ် အထိပ်ရောက်ရေးအတွက် ဉာဏ်၊ ဝီရိယတို့ကို အစွမ်းကုန်ထုတ်၍ သုံးစွဲ ခဲ့၏။ ကံကလည်း လိုက်သောကြောင့် နိုင်ငံခြား ပညာတော်သင်အဖြစ် အရွေးခံခဲ့ရ၏။ ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ၊ လုံ့လ အကူအညီဖြင့် ပါရဂူဘွဲ့ရခဲ့၏။ ဤကား စာရေးသူ၏ ကိုယ်တွေ့ ပထမခြေလှမ်း ဇာတ်လမ်း ပင်တည်း”ဟုဖော်ပြထားရာ ဆရာကြီး၏ ဇွဲ၊ လုံ့လ၊ ဝီရိယရှိပုံများကို လေးစားအတုယူဖွယ် သိရှိရပါသည်။
Subscribe to ဒေါက်တာကျော်စိန်၏ ဘဝနှင့် စာပေ