ကျောပိုးအိတ်လေးကို ချီကာလွယ်ခဲ့သူ
မှတ်မှတ်ရရဆိုရလျှင် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၀ ရက် မိုးကသဲသဲမဲမဲ ရွာနေသည်။ မိုးတွေက ရွာနေသောကြောင့် ပတ်ဝန်းကျင်ကလည်း မိုးစက်မိုးပေါက်တို့ကြောင့် ဝေဝါးနေသည်။ ကျွန်တော့်အသက်အရွယ်ကြောင့်လည်း ဝေဝါးနေတာဖြစ်ပါသည်။ ကျွန်တော်၏ အသက်သည် ၈၄ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်၏ဟူသော အဖွင့်ဖြင့်လေထန်ထန် မိုးသည်းသည်းနေ့ တစ်နေ့တွင် စာရေးသူ တင့်ဆွေ (ဖျာပုံ) က ကျောပိုးအိတ်လေးကို ချီကာလွယ်ဆိုသည့် ဘဝမှတ်တမ်းစာစုကို အစပြုမွေးဖွားဖြစ်ခဲ့သည်။