၂၀၂၀ - ၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းများအစီရင်ခံစာ
မြန်မာနိုင်ငံ၏ အလုပ်အကိုင်နှင့်ပတ်သက်သော “၂၀၂၀-၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းများအစီရင်ခံစာ” ကို မေလတွင် ဖြန့်ဝေခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒများချမှတ်ရာတွင် စာရင်းအင်းကိန်းဂဏန်းများသည် များစွာအရေးပါပါသည်။ စာရင်းအင်းကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သဖြင့် တိုးတက် ပြောင်းလဲနေသည့် နည်းစနစ်များဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။