မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ပအထောက်အပံ့နဲ့ ရပ်တည်နေတဲ့ ပြည်တွင်းမီဒီယာတွေ၊ အဆိုးမြင် ပြည်ပမီဒီယာတွေက သတင်းတုသတင်းမှားတွေ ထုတ်ပြန်လျက်ရှိပါတယ်။ သံတမန်ကျင့်ဝတ်နဲ့မညီတဲ့ အချို့ အနောက်နိုင်ငံသံတမန်အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအချို့ကလည်း အဲဒီသတင်းတုသတင်းမှားတွေကို အခြေခံပြီး တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာကို မြင်တွေ့နေရပါတယ်။