ခြင်ကျားအန္တရာယ် ဝိုင်းဝန်းကာကွယ်
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နှစ်ပတ်လုံး ဖြစ်တတ်သော ရောဂါဖြစ်ပြီး မိုးရာသီဖြစ်သော ဇူလိုင်လနှင့် သြဂုတ်လများတွင် ပိုမိုအဖြစ်များ သည်ကို တွေ့ရှိရသည်။ သွေးလွန်တုပ်ကွေး ရောဂါသည် အသက်အရွယ် မရွေး ဖြစ်ပေါ်တတ် သည်။ အသက်(၁၅)နှစ်အောက် ကလေး(သုံးနှစ်မှ ရှစ်နှစ်အရွယ်) များတွင် ဖြစ်ပွားမှုများသော်လည်း (၁၅)နှစ်အထက် ကလေးများတွင်လည်း ဖြစ်ပွား နေသည်။ ရာသီဥတုပြောင်းလဲချိန် မိုးတွင်းကာလ တွင် နှစ်စဉ်အမြဲအဖြစ်များလေ့ရှိသည်မှာ သွေးလွန် တုပ်ကွေးရောဂါပင် ဖြစ်သည်။ ယင်းရောဂါသည် အခန့်မသင့်ပါက ဖြစ်ပွားသည့် ကလေး၊ လူကြီး မရွေး အသက်ဆုံးရှုံးနိုင်သည့်အတွက် အရိပ် တကြည့်ကြည့်နှင့် ဂရုတစိုက် စောင့်ရှောက်ပေးရန် လိုအပ်သည်။