ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီမဟုတ်ပါ
ဒီမိုကရေစီထွန်းကားဖို့ဆိုရင် နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီအမှန်တကယ် ထွန်းကားနိုင်စေတဲ့ လမ်းကြောင်းမှန် ပေါ်မှာလျှောက်လှမ်းနေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေကို ပုံမှန်ဖွံ့ဖြိုးရှင်သန်လာစေရေး အင်တိုက် အားတိုက် ပြုစုပျိုးထောင်နေဖို့မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံသားတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်း (နိုင်ငံရေးပါတီ) တွေမှာ ဒီမိုကရေစီဓလေ့စရိုက် ပေါ်ထွန်းစေဖို့ သင်ယူလေ့ကျင့်နေရန် မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းတွေကို ဒီမိုကရေစီနဲ့ စပ်အပ်လျော်ညီပြီး ခိုင်မာတောင့်တင်းတဲ့ အင်စတီကျူး ရှင်းတွေအဖြစ်တည်ဆောက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် ထွန်းကားပြီး တိုးတက်သာယာဝပြောတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်လိုတွေ့လို ကြောင်း တွင်တွင်အော်နေကြတဲ့နိုင်ငံ -တချို့ဟာ အမှန်စင်စစ်မှာတော့ မြန်မာနိုင်ငံကောင်းစား မှာကို လုံးဝမလိုလားကြောင်း အထင်အရှားတွေ့မြင် နိုင်တဲ့အထောက်အထားတွေမြောက်မြားစွာရှိနေပြီဆိုတာ တွေ့မြင်လာရပါတယ်။ အထူးသဖြင့် လစ်ဘရယ် ဒီမိုကရေစီစနစ် တစ်ခုတည်းကိုမှကောင်းတဲ့နိုင်ငံရေး စနစ်ပါလို့ဟစ်ကြွေးကြပြီးတော့ တစ်ကမ္ဘာလုံးမှာ လစ်ဘရယ်ဝါဒတစ်ခု တည်းသာ လွှမ်းမိုးစေလိုတယ်ဆိုတဲ့ အနောက်နိုင်ငံကြီးတွေရဲ့ စိတ်စေတနာကို အခုအချိန်အခါမှာ မျက်ဝါးထင်ထင် တွေ့မြင်လာရပြီဖြစ်ပါတယ်။