ကိုယ်ပြုသည့်ကံ
ယနေ့ကာလတွင် သူတစ်ပါးပိုင်၊ အများ ပြည်သူပိုင် နေအိမ်၊ ကျောင်း၊ အဆောက် အအုံတို့ကို မသမာသူအဖျက်သမားတို့က မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း တို့အပြင် “ငါနဲ့မတူ ငါ့ရန်သူ” အဖြစ် သတ်မှတ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတို့ ပြုလုပ်ကြသည်ကို မြင်တွေ့ကြားသိနေရပါ၏။ ထိုသို့ မီးရှို့၊ ဗုံးခွဲ၊ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက် များအရ NLD အစွန်းရောက်များ၊ CRPH နှင့် NUG ၊ ၎င်းတို့ကို ထောက်ခံသူများ၊ PDF များ၊ ၎င်းတို့က ငွေပေးစေခိုင်း သူများက ပြုလုပ်ခဲ့ကြသည်ဟု ထွက် ဆိုထားသည်။