၂၀၂၀ ပြည့်နှစ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးထူထောင်သည့် နှစ် ၇ဝ ပြည့်သောနှစ်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး နှစ်နိုင်ငံနယ်နိမိတ်ထိစပ်မှု ၁၃၄၈ မိုင် ရှိသော အိမ်နီးချင်းနိုင်ငံဖြစ်သည့်အလျောက် နှစ်နိုင်ငံကူးလူး ဆက်ဆံမှုမှာ နှစ်ပေါင်း ထောင်ချီရှည်ကြာသောသမိုင်းရှိသည်။ နယ်မြေကျယ်ဝန်းသလောက် လူဦးရေလည်းများပြားလှသည့် တရုတ်နိုင်ငံမှာ မျက်မှောက်ကာလစီးပွားရေးတွင်လည်း ကမ္ဘာ့ အင်အားကြီးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။
စည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့် ဥပဒေစိုးမိုးရေး
လူ့ဘုံခန်းဝါ လူတို့ရွာတွင် လူသားတို့ကြား မဟုတ်မမှန်မှု၊ အဓမ္မမှုများ မပေါ်ပေါက်နိုင်စေရန်၊ အားကြီးသူက အားနည်းသူကို နိုင်ထက်စီးနင်း မလုပ်နိုင်ကြစေရန်၊ လူတိုင်း၏ ဘဝများကို ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံမှု ရှိနေကြစေရန်၊ လူတစ်ဦးက လူတစ်ဦးကို မတရားမပြုနိုင်စေရန်၊ မည်သို့သော လိမ်လည်လှည့်ဖြား အဓမ္မပြုမှုများကိုဖြစ်စေ ကာကွယ်တားဆီး နိုင်စေရန်၊ အားနည်းသူ နုနယ် သူများကို စောင့်ရှောက်နိုင်ရန် စသည် စသည့် တရားမျှတမှုအပေါ် အခြေခံသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့ကို ရေးဆွဲပြဋ္ဌာန်းထားရ၏။
သံတမန်ဆက်ဆံရေး နှစ်(၇၀)နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး
မြန်မာ့အလင်း အယ်ဒီတာအာဘော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် အခါသမယ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်တော့မည် ဖြစ်သည်။ သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်မတိုင်မီ တစ်ရက်အလိုတွင် နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များဟု အမည်ပေးထား သော သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်ရေးသားသည့် ဆောင်းပါးကို သတင်းစာများတွင် ဖော်ပြထား သည်ကို တွေ့ရပါသည်။
အများပြည်သူဆိုင်ရာ နေရာများတွင်ဆေးလိပ်သောက်မှု ရှောင်ကြဉ်
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ခြင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ ၌ ကျင်းပခဲ့သည်။
ဥတုရာသီ သစ်တောများကိုမှီ
သစ်တောများပြုန်းတီးခြင်းက ကမ္ဘာမြေရာသီဥတုဖောက်ပြန်မှုနှင့် များစွာဆက်စပ်နေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၊ သဘာဝသိပ္ပံပညာရှင်များက သတိပေးပြောဆိုနေသည့် ကြားက သစ်တောအပြောင်ရှင်းမှုများကြောင့် မြန်မာနိုင်ငံအတွင်း သစ်တောများ လျော့ပါးနေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။ ။
သစ်ပင်သစ်တောတို့ ရှိခြင်းဖြင့် ရေမြေတို့ကို ထိန်းသိမ်းမှု ကောင်းမွန်သည်သာမက သစ်ပင်တို့က ကာဗွန်ပမာဏများများ စုပ်နိုင် ကာ အောက်ဆီဂျင် ပမာဏများများလွှင့်ထုတ်သည့် အားသာချက်လည်း ရှိနေသည်။
နိုင်ငံတော်၏ပုံရိပ်ကို ထုဆစ်ခြင်း
နိုင်ငံတည်ဆောက်ရေးဟုဆိုလျှင် လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင်၊ သောက်သုံးရေ ပေးပို့စနစ်၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်စနစ်၊ အမှိုက်စွန့် စနစ် စသည့်အခြေခံအဆောက်အအုံများ၊ လူနေတိုက်တာ အိမ်ခြေများ၊ စက်ရုံအလုပ်ရုံကြီးများ၊ ကျောင်း တက္ကသိုလ်၊ လွှတ်တော်၊ ဟိုတယ်။ ဆေးရုံ၊ အစိုးရ/ပုဂ္ဂလိကရုံးကြီးများ အစရှိသည့် ရုပ်ပိုင်းဆိုင်ရာများ သာမက ဒြပ်မဲ့ဖြစ်သော နိုင်ငံတော်၏ ပုံရိပ်၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ ပြည်သူလူထု၏ ကျေနပ် ပျော်ရွှင်မှု အစရှိသည်တို့ ပါဝင်၏။
ပလတ်စတစ်အမှိုက်ကင်းစင်သည့် မြို့ရွာဒေသများ ပေါ်ပေါက်လာရေး
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများအား တွေ့ဆုံရာတွင် မြို့ခံ ပြည်သူတစ်ဦးက မြစ်ကြီးနားမြို့တွင် ပလတ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်အောင် ဆောင်ရွက်ပေးရေး မေးခွန်းတစ်ခု မေးမြန်းခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပလတ်စတစ် အမှိုက်များ စနစ်တကျ စွန့်ပစ်ရန်မှာ ပြည်သူများ ပါဝင်ရန်လိုအပ်ပါကြောင်း ဖြေကြားခဲ့သည်။
အမှိုက်ကစ.....
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြင်ဦးလွင်ပန်းပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ စည်းကမ်းမဲ့စွာ စွန့်ပစ်ခဲ့သည့် အမှိုက်သရိုက်မျိုးစုံတို့ကြောင့် အကျည်းတန် အရုပ်ဆိုးနေရသည့် မြင်ကွင်း ၊ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် တင်ထားသည်ကို တွေ့ရသည်။ လှပစွာပြင်ဆင်ထားသည့် ပန်းပွဲတော်၏ ပြကွင်းပြကွက်များ၊ မြက်ခင်းများ၊ လျှောက်လမ်းများနှင့် ရေကန်များ၏ ရေမျက်နှာပြင်များပေါ်တွင်ပါ အမှိုက်များစွာတို့ကို မြင်မကောင်းလောက်အောင်ပင် ထုနှင့် ထည်နှင့် စည်မဲ့ ကမ်းမဲ့ စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်။
လူငယ်များထိတွေ့ဆက်ဆံသင်ယူနိုင်သည့်နေရာ
လူငယ်စင်တာများ ပေါ်ပေါက်လာရေး လူငယ်ဘဝကို အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားအရွယ်ဟူ၍ သတ်မှတ် ထားသည်။ ယင်းအရွယ်သည် ကာယအား၊ ဉာဏအားတို့ ဖွံ့ဖြိုး တိုးတက်သည့်အရွယ်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်တို့ ဆန်းသစ်သည့် အရွယ်၊ အသိပညာ၊ အတတ်ပညာတို့ အလွယ်တကူ သင်ယူ တတ်မြောက်နိုင်သည့် အရွယ်၊ တီထွင်ဖန်တီးတတ်သည့် အရွယ်၊ လောကကို အသစ်တစ်ဖန် ပြန်လည် တန်ဆာဆင်ကာ တော်လှန် ပြောင်းလဲလိုစိတ်တို့ ထက်သန်တက်ကြွနေတတ်သည့်အရွယ်လည်း ဖြစ်သည်။ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်ဘဝမှာပင် တဖြည်းဖြည်းရင့်ကျက်လာကာ ယင်းမှကျော်လွန်၍ လူရွယ်ဘဝသို့ ရောက်သောအခါ တည်ငြိမ်သွားတတ်သည်။
အလုပ်အကိုင် မျှော်လင့်ချက်နှင့် လူကုန်ကူးမှု အန္တရာယ်
လူကုန်ကူးမှုဆိုသည့် ဝေါဟာရကို လူတော်တော်များများ နားယဉ်ကြပြီး ဖြစ်သည်။ ဥပဒေအရ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုမှုတွင်မူ လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုရန် အလို့ငှာအောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကို ဆိုသည်- (၁) ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ (၂) သွေးဆောင် ခေါ်ယူခြင်း၊ (