စကားပြောခြင်းအနုပညာ
သေခြင်းတရားဆိုသည်မှာ သတ္တဝါဟူသမျှ မည်သူမျှ ရှောင်ကွင်းတိမ်းရှောင်၍ရသော အရာမဟုတ်။ နောက်ဆုံးတစ်နေ့ သေမင်းခံတွင်းဝ သေခြင်းတရားက မိမိတို့နှင့် မည်မျှနီးကပ်ပါသနည်း။ အခြား သူများကိုတော့ မပြောတတ်ပါ။ မိမိတို့လို အသက် ၇၀ ကျော်များအတွက်မူကား သေမင်း၏ အသက်ရှူသံကိုပင် ကြားရအောင် နီးကပ်နေကြပေပြီး သေမင်း၏ နှာခေါင်း၊ ပါးစပ်ခံတွင်းတို့မှ -ထွက်သော လေနှင့်အတူ အာငွေ့နွေးနွေး၏ အနှံ့ အသက်ကိုပင် ရှူရှိုက်နေကြရပြီဟု ဆိုချင်သည်။ အများအားဖြင့် အသက် ၁၂၀ အထိ ရှည်ကြသူက ရှားလှပါသည်။ ဇာတာထန်းဖူးရွ က် ထဲမှာပဲ “အသက် ၁၂၀ ရှည်စေသော်”ဟု ရေးထားသည်ကိုတွေ့ရပါမည်။ အသက် ၁၉ နှစ်တိုင်အောင် သီချင်း နားထောင်ဆဲ၊ စာတွေဖတ်နေဆဲ။ လူတွေ့နှုတ် အင်တာဗျူးတွေ ဖြေနေဆဲ၊ ဂီတစာဆိုဆရာကြီး သက်ရှိထင်ရှားရှိနေဆဲ ဖြစ်ပါ၏။ ကျိုက်လတ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော အမျိုးသားအောင်ပွဲ နေ့ -စာပေဟောပြောပွဲ၊ ဂီတဆည်းဆာဖျော်ဖြေပွဲများသို့ မလိုက်ပါနိုင်တော့သည်ကား လေးငါးနှစ် ရှိခဲ့ပေ။ အိုခြင်းတရားကို မည်သူမျှ မတားဆီး မလွန်ဆန်နိုင်ပေ။