အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေကွဲပြားကြဖို့ လိုပါပြီ
နိုင်ငံတော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ အမှန်နဲ့အမှား၊ တရားနဲ့ မတရား ရောထွေးပြီး ပြည်သူတွေအသိတရားအပေါ် ခြိမ်းခြောက်လာနေတဲ့ အန္တရာယ်တွေကို စိတ်မသက်သာဖွယ် မြင်တွေ့နေရပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေ၊ တိုင်းပြည်ရဲ့ အနာဂတ်ကို နားလည်လက်ခံပြီး အကောင်းဆုံး၊ ထိခိုက်မှုအနည်းဆုံး အနေအထားကို ရွေးချယ်ပုံဖော်ရမယ့်အစား နိုင်ငံတည်ငြိမ်အေးချမ်းမှုကို အမျိုးမျိုးအဖုံဖုံ ဖျက်လိုဖျက်ဆီး ပြုနေကြတာကို မြင်တွေ့နေရပါတယ်။