ဗုဒ္ဓမြတ်စွာသာသနာတော်တွင် ဘုရားရှင်အား ပထမဆုံးဖူးတွေ့ရသူ(ဘုရားဖူးဦး)၊ ပထမဆုံး မုန့်ဆွမ်းလှူဒါန်းရသူ(ဆွမ်းလှူဦး)၊ ပထမဆုံး ဒွေဝါစိက သရဏဂုံတည်သူ (သရဏဂုံဦး)၊ ပထမဆုံး ဆံတော်ရှင်ချီးမြှင့်ခံရသူ (ဆံတော် ဓာတ်တော်ဦး)၊ ပထမဆုံး ဘုရားစေတီတည်ရသူ (စေတီဦး-ဘုရားဦး) ဦးငါးဦးဖြင့် သာသနာတော်ကို ကိုးကွယ်ခွင့်ရသည်မှာ (ဥက္ကလာပတိုင်းဖွား) မြန်မာပြည်သားပင် ဖြစ်ကြောင်း သာသနာ့သမိုင်းများတွင် မှတ်တမ်းတင်ခဲ့သည်။ ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံ၌ ပထမဆုံးအခြေတည်ခဲ့သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာမြတ် ဘူမိနက်သန် မှန်ရာဒေသဖြစ်သည်။