(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်ရေးမှသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းလာပြီး နိုင်ငံ၏ လူမှုစီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးရေးဆီသို့
မိမိတို့နိုင်ငံသည် နှစ်ပေါင်းတစ်ရာခန့် သူ့ကျွန်ဘဝတွင် နေထိုင်ခဲ့ရာမှ ၁၉၄၀ ခုနှစ်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ပေါ်ထွန်းလာခဲ့ပြီး ကမ္ဘာ့အလယ်တွင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေထိုင်လာခဲ့ကြရသည်မှာ (၂၀) ရာစု ပထမပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ယခုအစိုးရသစ် တက်ရောက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် ဦးဆောင်၍ (၂၁) ရာစု ပင်လုံ ဒုတိယအစည်းအဝေးနှင့် တတိယအစည်းအဝေးများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထိုကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ကျင်ပခြင်းကို မိမိတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က တစ်ခဲနက်ထောက်ခံကြပါသည်။ ယခုကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကြီး အောင်မြင်စွာကျင်းပပြီးစီးပါက တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိလာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မိမိတို့အားလုံး ပူးပေါင်းတည်ဆောက်နိုင်ကြတော့မည် ဖြစ်ပါသည်။