Skip to main content

*ဇေယျာသီရိမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ*

ဒေသသမိုင်းအကျဉ်း


ဇေယျာသီရိမြို့နယ်အား ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၆-၃-၂၀၀၉) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် နေပြည်တော်(၅)မြို့နယ်ကို စတင်ဖွဲ့ စည်းရာတွင်ပါ၀င်ခဲ့ပါသည်။ဖွဲ့စည်းစဉ်က ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၁၃)အုပ်စု၊ ကျေးရွာ(၆၆)ရွာဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန၏ (၂၂-၁၀-၂၀၁၀) ရက်စွဲပါစာအမှတ်၊ ၂၀၀/၃၁-၁/ဦး၁ဖြင့် ကျေးရွာအုပ်စု(၂)အုပ် စုမှ ပြည်ထဲရေး၀န်ကြီးဌာန အမည်မပေါက်သေးသော ကျေးရွာ(၈)ရွာအား တိုးချဲ့ခြင်း၊ ငုတ်ချောင်းကျေးရွာအုပ်စုနှင့် ကျေးရွာ(၃)ရွာမှာ မြေပြင်တွင် မရှိ ခြင်းတို့ကြောင့် ပယ်ဖျက်ခဲ့ပြီး ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျေးရွာ(၅၈)ရွာဖြင့် ပြန်လည်ဖွဲ့စည်း ခဲ့ပါသည်။ ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၀-၁-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၂၀၀/၂၃-၁၅၄/ဦး၁ ဖြင့် ပျဉ်းမနားမြို့နယ်မှ ကျေးရွာအုပ်စု (၂)ခုနှင့်၊ ကျေးရွာ(၇)ရွာ တိုးချဲ့ဖွဲ့စည်း ခြင်းတို့ကြောင့် ယခု အခါ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာ(၆၆)ရွာ ဖြင့်ဖွဲ့စည်းထားရှိပါသည်။