Critical Thinking နဲ့ Common Sense
Critical Thinking နဲ့ Common Sense ဆိုတာ အခုတစ်လောလူပြောများတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဟိုဘက်၊ ဒီဘက် အဲဒီစကားလုံးတွေ အတော်သုံးတယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့ ထရမ့်ဆိုရင် ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်တွေကို Common Sense သုံးကြပါဆိုပြီး အကြိမ်ကြိမ်တိုက်တွန်းတယ်။
