နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

Sep 15, 2020
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္က္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအတွင်း COVID-19 ရောဂါပြန့်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း
Sep 10, 2020
ကျွန်မတို့ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ စတင်ပြီးတော့ ဆုတောင်းမေတ္တာ ပို့ပါတယ်။ အခုအချိန်မှာ ကျန်းမာဖို့ အထူးအရေးကြီးတယ်ဆိုတာလည်း အားလုံးနားလည်ပြီးသားလို့ ထင်ပါတယ်။ အခု ကိုဗစ်ရောဂါဟာဆိုရင် ဩဂုတ် လဝက်လောက်ကနေစပြီးတော့ တစ်ကျော့ပြန်ပြီး ထလာတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းမှာ အထူးပြန့်ပွား နေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မအခုပြောတဲ့ အချိန်မှာ ရန်ကုန်က ပြည်သူပြည်သားတွေကို အဓိကထားပြီး ကျွန်မပြောသွား မှာပါ။ ရခိုင်မှာ စစ်တွေဘက်ကနေစတဲ့ ရောဂါကို အခုအတော်အတန် ထိန်းနိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ပြီးတော့ ပြည်သူလူထုက လိုက်နာလို့ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ လည်း ကျွန်မအနေနဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့တကွ ရခိုင်အစိုးရအဖွဲ့ရော ပြည်သူပြည်သားတွေ အားလုံးရော ကျေးဇူးတင်တယ် လို့ ပြောချင်ပါတယ်။ ဒီလိုစည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ်လိုက်နာမယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို မထိန်းနိုင် စရာအကြောင်း မရှိပါဘူး။
Sep 07, 2020
Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေကြသည့် We Love Yangon၊ EC Member ဦးမောင်မောင်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချစ်ကိုဟန်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းတို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့ အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။
Sep 02, 2020
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။
Sep 01, 2020

နေပြည်တော် စက်တင်ဘာ ၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Aug 28, 2020
Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည် နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ ရောက်ရှိနေသည့် Volunteer စောသော်မိုးအယ်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။
Aug 25, 2020
ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားများ အပေါင်းရှင်။ ကျွန်မတို့နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတွေ ပေါ်ပေါက်လာပြီဆိုရင် ပြည်သူလူထုကို တင်ပြပြီးတော့ ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အထိရောက်ဆုံးလို့ ကျွန်မတို့ အစိုးရက ယုံကြည်ပါတယ်။
Aug 24, 2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ တရားဝင်ခရီး ရောက်ရှိနေသည့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစုအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်၊ နေ့လယ် (၁၄:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံ၍ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Aug 22, 2020
လေးစားအပ်ပါသော ညီလာခံသဘာပတိကြီးနဲ့တကွ သဘာပတိအဖွဲ့ဝင် များ၊ အစုအဖွဲ့အသီးသီးက ခေါင်းဆောင်များ၊ ညီလာခံကိုယ်စားလှယ်ကြီးများ အားလုံး ကောင်းကျိုးလိုရာ ဆန္ဒအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
Aug 20, 2020
အကြိမ်(၂၀)မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-I) ပတ္တမြားခန်းမ၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားသည်။