အကြမ်းဖက်ဂိမ်းများ ဝေးဝေးကရှောင်ကြဉ်

 

မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် လူငယ် များ အင်တာနက်ဂိမ်းအလွန်အကျွံကစားခြင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း မီဒီယာများတွင်  တွေ့ရှိရသည်။  လူငယ်များအကြား  ဂိမ်း စွဲလမ်းမှုပြဿနာမှာ   စိုးရိမ်ဖွယ်ရာဖြစ်လာရသည့်  အခြေ အနေတွင် အသက် ၁၈ နှစ်အောက်  လူငယ်များကို   ရက် သတ္တပတ်၏ နောက်ဆုံးရက်ဖြစ်သော သောကြာနေ့နှင့် စနေ၊ တနင်္ဂနွေနေ့တို့တွင် တစ်ရက်လျှင် တစ်နာရီနှုန်းဖြင့် တစ်ပတ် လျှင် သုံးနာရီထက်ပို၍ ဂိမ်းမကစားရန်အတွက် နည်းပညာဖြင့် ထိန်းချုပ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

 


လူငယ်များသည် စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်သော အရွယ်ဖြစ်ပြီး သင်ယူလေ့လာနေသော အရွယ်လည်းဖြစ်ရာ ပတ်ဝန်းကျင်နှင့် ထိတွေ့လှုပ်ရှားနေရန် လိုအပ်သည်။ စမတ် ဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပျူတာများ၏ မျက်နှာပြင်များ ကို ကြည့်ရှုကာ နာရီပေါင်းများစွာကို နေ့စဉ် ကုန်ဆုံးစေခြင်း က    လူငယ်များအတွက်  အကျိုးထက်  အပြစ်ပိုနေသည်ကို တွေ့လာရသည်။ သူငယ်ချင်းများနှင့် ကစားခြင်း၊ အားကစား သို့မဟုတ် ဝါသနာပါရာ  လက်မှု၊  ဖန်တီးမှုစသည်တို့ ပြုလုပ် ခြင်း၊   စာဖတ်ခြင်း  စသည်ဖြင့်  ကာယဉာဏဖွံ့ဖြိုးမှုတို့ကို အားပေးခြင်းဖြင့်  အီလက်ထရွန်နစ်မီဒီယာများအပေါ်  စွဲလမ်း ခြင်းကြောင့်  လူငယ်များ၏   အမူအကျင့်များအပေါ်တွင် လည်းကောင်း၊ ကိုယ်ရောစိတ်ပါ ကျန်းမာရေးတို့အပေါ်တွင် လည်းကောင်း၊   ကျောင်းသင်ခန်းစာများ  လေ့လာသင်ယူမှု အပေါ်တွင်လည်းကောင်း ထိခိုက်မှုဆိုးကျိုးများကို  ရှောင်ရှား နိုင်မည်ဖြစ်သည်။

 


ဆယ်ကျော်သက်အရွယ်များ၊   လူငယ်များမှာ  သဘာဝ အားဖြင့်   အသစ်အဆန်းအပေါ်  စိတ်ဝင်စားမှုနှင့်  လေ့လာ စူးစမ်းလိုမှုတို့   မြင့်မားပြီး  လှုပ်ရှားတက်ကြွသည့်စိတ်နှင့်  စွန့်စားရုန်းကန်တိုက်ခိုက်လိုသည့်စိတ်တို့လည်း  မြင့်မားကြ သည်။ ၎င်းသဘာဝကို အခြေခံ၍ ဂိမ်းဖန်တီးထုတ်လုပ်သူများ က  စွန့်စားမှု၊ လှုပ်ရှားမှု၊ တိုက်ခိုက်မှု အသားပေးသည့်ဂိမ်းများကို လူငယ်များအကြိုက် အပြိုင်အဆိုင် ဖန်တီးထုတ်လုပ်ကြရာမှ အစွန်းရောက်လာကြပြီး ရက်စက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ ဥပဒေချိုးဖောက်မှု၊   လုယက်ဖျက်ဆီးမှုတို့ကို  ဂိမ်းထဲတွင် အလွယ်တကူပြုလုပ်လာနိုင်ခြင်းနှင့်အတူ လူငယ်များနှင့် လည်း ယဉ်ပါးလာစေသည်။ နည်းပညာမြင့်မားလာသည်နှင့် အမျှ ဂိမ်းထဲမှ လှုပ်ရှားမှုများ၊ ပုံရိပ်များ၊ အသံများ၊ မြင်ကွင်း များ   စသည်တို့မှာ   သဘာဝနှင့် ပို၍  ပို၍  နီးစပ်လာသည်။ သို့ရာတွင် ဥပဒေနှင့်လူ့ကျင့်ဝတ်တို့ကို မေ့လျော့သွားစေပြီး အကြမ်းဖက်ရက်စက်မှုများကို အားပေးရာ၊ သင်ကြားပေးရာ ရောက်နေသည့်အတွက် ယင်းသို့သော ဂိမ်းများကို တားမြစ် ပိတ်ပင်သည့် နိုင်ငံများလည်း ရှိလာသည်။

 


မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ် နှင့်အတူ ပြည်ပရောက်အကြမ်းဖက်အဖွဲ့အစည်းနှင့် ၎င်း၏ လက်ဝေခံပြည်တွင်းအကြမ်းဖက်အုပ်စုများ ပေါ်ပေါက်ခဲ့ရာ ၎င်းတို့ကလည်း    ဂိမ်းအက်ပလီကေးရှင်းများ   ဖန်တီးပြီး အကြမ်းဖက်လုပ်ငန်းများအတွက် ရန်ပုံငွေရရှိရေး၊ ဝါဒဖြန့်ချိ ရေးတို့အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ PDF ဂိမ်းများကို သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ အပျော်သက်သက်ကစားရန်အတွက်ဖြစ်စေ မိမိတို့၏ ဖုန်းထဲ တွင် ထည့်သွင်းထားခြင်း၊ ကစားခြင်းဖြင့် အကြမ်းဖက်ဥပဒေ နှင့် ငြိစွန်းမည်ဖြစ်သည်။ PDF Game များကို ကစားခြင်းသည် အကြမ်းဖက်အဖွဲ့များကို ငွေကြေး‌ထောက်ပံ့ခြင်းပင် ဖြစ်ခြင်း ကြောင့် အပျင်းပြေ အပျော်သက်သက်မျှသာဟူ၍ မိမိဘာသာ ယူဆထားသော ဂိမ်းကစားခြင်းသည် ကြီးလေးသော ပြစ်မှု ပြစ်ဒဏ်နှင့် ရင်ဆိုင်ရနိုင်သည့်အလျောက် ဝေးစွာရှောင်ကြဉ် နိုင်ကြပါစေကြောင်း။        ။