နိုင်ငံ့အနာဂတ်အတွက် ရတနာ

 

၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် စတင်အကောင် အထည်ပေါ်ခဲ့သည့်     လူရည်ချွန်စီမံကိန်းသည်   ပညာရေး လက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။ ဉာဏ်ပညာ ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန် သည့်      ထူးချွန်ထက်မြက်သော    ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊   ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်း များတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ ၌    ပါဝင်ဆောင်ရွက်နိုင်စေသည့်   နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊  ထူးချွန်ထက်မြက်သော  ကျောင်းသား ကျောင်းသူများကို   စံနမူနာပြု၍  ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဟူသော    ရည်ရွယ်ချက်  (၃)  ရပ်ဖြင့် ဆောင်ရွက်သည့် လူရည်ချွန်စီမံကိန်းများမှ ထွက်ပေါ်လာသည့် ထောင်နှင့်ချီသော လူရည်ချွန်များမှာ ၎င်းတို့၏ အနာဂတ်ဘဝ တွင်လည်း ထူးချွန်သော အရည်အသွေး၊ အရည်အချင်းများဖြင့် နိုင်ငံကိုအကျိုးပြုကာ        ဆက်လက်ရှင်သန်ရပ်တည်သွား ခဲ့ကြသည့် သာဓကများစွာလည်း ရှိနေသည်။

 


ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တ၊ ဘောဂဟူ၍ ဗလငါးတန် ပြည့်စုံစေရန် ကောင်းစွာ ပျိုးထောင်ထားသော လူငယ်တို့သည် ကိုယ်ရည်ကိုယ်သွေး မြင့်မားသူများအဖြစ်နှင့် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများတွင်    လည်းကောင်း၊   တပ်မတော်တွင် လည်းကောင်း၊        ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများတွင် လည်းကောင်း    အောင်မြင်စွာ  လုပ်ကိုင်နိုင်သူများလည်း ဖြစ်လာကြသည်။ “နိုင်ငံတော်အနေဖြင့် မောင်တို့မယ်တို့ကို နိုင်ငံ၏   အနာဂတ်အတွက်  ဦးဆောင်နိုင်သည့် ခေါင်းဆောင် ကောင်းများဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး အများနှင့် စုပေါင်းနေထိုင်တတ်စေရန်၊   အများအကျိုးကို  ဆောင်ရွက် နိုင်စေရန်၊  ကာယဉာဏစာရိတ္တနှင့်  ပြည့်စုံသည့်  အနာဂတ် မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် လူရည်ချွန်စီမံကိန်းအပြင်   လူငယ်ကဏ္ဍ  အစီအစဉ်များစွာ ကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား         တွေ့ဆုံဩဝါဒစကား မြွက်ကြားရာတွင်   ထည့်သွင်းပြောကြားခဲ့ရာ   လူရည်ချွန် မောင်မယ်များထဲမှ  အနာဂတ်ခေါင်းဆောင်များ  ပေါ်ထွက်လာ ရန်အထိ မျှော်လင့်ကာ ပြုစုပျိုးထောင်နေခြင်းပင်ဖြစ်သည်။

 


နိုင်ငံတစ်နိုင်ငံ    စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်စေရန် အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက် ကြရခြင်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် လက်ရှိအခြေအနေအရ အလုပ်လုပ်နိုင်သော   အသက်အရွယ်ရှိသူဦးရေ  အချိုးအစား များပြားလျက်ရှိသော်လည်း  နိုင်ငံသားများ၏  ပညာရေးမှာ နိမ့်ကျလျက်ရှိသည်။  နိုင်ငံ့လူဦးရေ၏  ထက်ဝက်ကျော်ခန့်မှာ အခြေခံပညာအလယ်တန်းနှင့်  အောက်တွင်သာရှိနေသည့် အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် ပညာရေး မြှင့်တင်မှုကို   မဖြစ်မနေဆောင်ရွက်သွားရန်  လိုအပ်သည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ရာတွင် “ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် နိုင်ရန်    ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး”   ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 


ကျောင်းနေအရွယ်ကလေးများအားလုံး     ကျောင်းသို့ ရောက်ရှိ၍ ပညာသင်ယူကြရေး၊ တန်းစဉ်မှန်မှန် ကူးပြောင်း ကာ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးနောက် အခြေခံပညာအထက်တန်း သို့မဟုတ် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်   ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ် သည်။  ထို့အပြင် “သားကောင်းတစ်ယောက် ကျောက်ကောင်း တစ်စေ့”ဆိုရိုးနှင့်အညီ ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန် ပြီး  ပညာရည်ထူးချွန်ထက်မြက်သော  ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေး ပြုစုပျိုးထောင် မှုလုပ်ငန်းများကိုလည်း   နိုင်ငံ့အနာဂတ်အတွက်  မဖြစ်မနေ ဆောင်ရွက်ကြရပါမည့်အကြောင်း။      ။