Skip to main content

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မလေးရှားအစိုးရက N95 နှာခေါင်းစည်း ၂၀၀၀၀ ပေးအပ်လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မလေးရှား နိုင်ငံက N95 နှာခေါင်းစည်းအရေအတွက် ၂၀၀၀၀ ကို ပထမအသုတ်အဖြစ် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ယနေ့မွန်းလွဲ ၃ နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မလေးရှားနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Muhammad Syukri Azmi က N95 နှာခေါင်းစည်းများကို ပေးအပ်လှူဒါန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က လက်ခံရယူပြီး ကျေးဇူးတင်လွှာကို သံရုံးယာယီတာဝန်ခံထံ ပြန်လည်ပေးအပ်သည်။

အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် မလေးရှားသံရုံးမှ တာဝန်ရှိသူများအပြင် Mercy Malaysia ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၊ မြန်မာ-မလေးရှား ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။

အဆိုပါ N95 နှာခေါင်းစည်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်