Skip to main content

အားကစားကွင်းနှင့် အားကစားရုံ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း နှစ်ပိုင်းအခြား အလိုက် စီမံချက်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ၂၈    

အားကစားကွင်းနှင့် အားကစားရုံတည်ဆောက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများ ကို နှစ်ပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်း များမှ အားကစားနှင့် ပညာရေးပေါင်းစပ် ကျောင်းအုပ်ကြီးများအနေဖြင့် သင်တန်းသားကျောင်းသားများအတွက် ပညာရေးဆိုင်ရာ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့်အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပညာရေးတိုးတက်မြင့် မားစေရေးအတွက် ဆောင်ရွက်ရမည့် အစီအစဉ်ကိစ္စရပ်များ၊ ဝန်ကြီးဌာနအဆင့်၊ ဦးစီးဌာန အဆင့်မှ ကူညီပံပိုးရမည့် ကိစ္စရပ်များကို တင်ပြပေးရန် လိုအပ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ သင်တန်းသားများအနေဖြင့် ကျောင်းပြီးသုံးချိန်တွင် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု အနေဖြင့် လက်တွေ့ဘဝတွင် အဆင်ပြေနေထိုင် ဆောင်ရွက်နိုင်ရေးတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံသင် တန်းသားများ ပညာသင်ကြားရေး သင်ရိုးညွှန်းတမ်း အချိန်ဇယားနှင့် ပတ်သတ်၍ အားကစားနှင့် ပညာရေးပေါင်းစပ်ကျောင်းမှ တာဝန်ခံပညာရေး ကျောင်းအုပ်ကြီး များအနေဖြင့် (SOP) Guide Line တစ်ခုကို ပေါင်းစပ်ညှိနှိုင်း တင်ပြရန်လိုအပ် ပါကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အင်ဂျင်နီယာများအနေဖြင့် အားကစားဆိုင်ရာ အဆောက်အဦးများ တည်ဆောက်ပြုပြင်ဆောင်ရွက်ရာတွင် ခေတ်စနစ်ကာလဒေသနှင့် ကိုက်ညီမှုရှိပြီး သဘာဝဘေးအန္တရာယ်အခြေအနေ၊ အရေးပေါ် အခြေအနေများတွင် ပြည်သူလူထုကို အကျိုးဖြစ် ထွန်းစေနိုင်မည့်အချက်များအား အင်ဂျင်နီယာအမြင်များဖြင့်ပါ ထည့်သွင်း တွက်ချက်စဉ်စားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်)၊ အားကစားနှင့် ပညာရေး ပေါင်းစပ်ကျောင်းများမှ ပညာရေးတာဝန်ခံ ကျောင်းအုပ်ကြီးမျာနှင့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်း(၁,၂,၃,၄)၊ ရေကူးကန်၊ ဝဏ္ဏ သိဒ္ဓိအားကစားရုံ (A,B,C) တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။   

ယင်းနောက် ဒုတိယဝန်ကြီးက ပညာရေးတာဝန်ခံကျောင်းအုပ် ဆရာ/ဆရာမကြီးများအနေဖြင့် အားကစား နှင့်ကာယပညာသိပ္ပံပြိုင်ပွဲ၊ ပူးတွဲလေ့ကျင့်သင်တန်းများအတွက် Chapter Package၊ Distance Learning အစီအစဉ်များကိုပါ ထည့်သွင်းစဉ်စားသင့်ပါကြောင်း၊ အားကစားသိပ္ပံ ကျောင်းများမှ ပညာရေးတာဝန်ခံ ကျောင်းအုပ်ကြီးများ စုပေါင်း၍ ပညာရေးနှင့် ပတ်သက်သည့် (၅) နှစ်တာ plan ရေးဆွဲတင်ပြရန် လိုအပ်ပါကြောင်း အသက်မွေးဝမ်းပညာ သင်တန်းကျောင်း (TVET) တစ်ခုဖြစ်လာစေနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်း ကျောင်းများတွင်လည်း အားကစား ပညာသင်ကြားနိုင်ရေး ပြုလုပ်သင့်ပါကြောင်း။

အားကစားကွင်းနှင့်အားကစားရုံ အဆောက်အဦများ အကြီးစား ပြုပြင်မွမ်းမံရန် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာ များအနေဖြင့် အားကစားကွင်းနှင့် အားကစားရုံ၊ အဆောက်အဦးများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အားကစားနည်း သတ်မှတ်ချက်နှင့် အမှန်တကယ်ကိုက်ညီမှုရှိ ခြင်းသာမက ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ရေရှည်တည့်တံ့ခိုင်မြဲမှု (Eco System၊ Pollution၊ Substainable၊ Space Saving Programme Method၊ Energy Comsumption) စနစ်တို့ကိုကြည့်၍ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဒေသခံ ပြည်သူများနှင့် သင့်လျော်ကိုက်ညီ အကျိုးဖြစ်ထွန်းမှုကို လည်းဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာ များအနေဖြင့် အဆောက် အဦးဆောက်လုပ်ခြင်းဆိုင်ရာ Creation နှင့် ပတ်သက်၍ အကြံပြုချက်များ ပေးစေလိုကြောင်း လိုအပ်ပါက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ပူးပေါင်း၍ အကြံပြုချက်များ ရယူရန် လိုအပ်ပါကြောင်း၊ အများပြည်သူများအတွက် Healthy and Safety ပတ်ဝန်းကျင်ဖြင့်အောင် ဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ (Wages၊ Material၊ Transport Link) များကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်ပါ‌ကြောင်း၊ အားကစားကွင်းနှင့် အားကစားရုံ အဆောက်အဦး ကျင်းပပြုလုပ်ခဲ့သည့်ပွဲစဉ်၊ ပြိုင်ပွဲအဆင့်အတန်းများကို စနစ်တကျမှတ်တမ်း ထားရှိရန် လိုအပ်ပါကြောင်း၊ ထိုမှသာ အသုံးပြုမှု အချက်အလက်များကို အခြေခံ၍ အားကစားဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုသုတေသန ပြုလုပ်ရာတွင် ပြန်လည်အထောက်အကူ ပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားကွင်းနှင့် အားကစားရုံ အဆောက်အဦးများ ပြင်ဆင်ပြုလုပ်ရာတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တစ်ဆင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသို့ ဆက်သွယ်၍ ပြိုင်ပွဲကြီးများ ကျင်းပပြီးစီးခဲ့သော နိုင်ငံများ၌ အားကစားကွင်းနှင့် အားကစားရုံ ထိန်သိမ်းပြုပြင်မွမ်းမံခြင်းဆိုင်ရာ နည်းစနစ်များကို လေ့လာသင့်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)