ရေး ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက်ပိုင်းက ရေးမြို့နယ်သို့ ရောက်ရှိလာပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာအုပ်စု၊ ဝယ်ပေါင်ကျေးရွာ မွန်ပြည်သစ် ပါတီထိန်းချုပ်ဒေသတွင် အိမ်ထောင်စုစာရင်း (၁၇၅၈)စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၂၀၄)ကတ်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်(၂၀၀)အိတ်၊ ဆီပိသာ(၁၀၀၀)နှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါဒေသတွင် အခြေချနေထိုင်သည့် မှတ်ပုံတင်မရှိသေးသော ပြည်သူများအား NRC အဖွဲ့နှင့် ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး တို့ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရေးချောင်းဖျားဒေသရှိ ပြည်ထဲ ရေးအမည်ပေါက် ကျေးရွာ(၉)ရွာနှင့် အမည်မပေါက်သေးသည့် ကျေးရွာ(၁၁)ရွာမှ ဒေသခံပြည်သူများအတွက် အခမဲ့ကွင်းဆင်းလုပ်ဆောင်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)