ပဲခူး ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ မွန်းလွဲ(၂) နာရီအချိန်က DENKO Trading Co., Ltd မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေများလာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် DENKO Trading Co., Ltd မှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာလအတွင်း နေရပ်ပြန်ပြည်သူများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကျန်းမာရေး အထောက် အကူပြုပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေကျပ်သိန်း(၁၅၀)အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူခဲ့ပြီး၊ အလှူငွေလာရောက်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့နယ်တွင် ယနေ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ(၅၃)ဦးတွေ့ရှိပြီး စတင်တွေ့ရှိသည့်နေ့မှစတင်၍ ယနေ့အထိ စုစုပေါင်း(၂၀၆၈)ဦးနှင့် သေဆုံးသူ(၁၄)ဦးထိ ရှိနေပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
ဟိန်းထက်(ပဲခူး)