Skip to main content

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲ သောကြာနေ့ညတွင် ဆက်လက်ဖျော်ဖြေမည်

နေပြည်တော် ဒီဇင်ဘာ ၂၃

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကို ရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်လျက် ရှိရာ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) ညတွင် ပွဲစဉ် (၃)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။

အဆိုပါပွဲစဉ်တွင် EMPEROR MUSIC BAND & SPECTRUM MUSIC BAND တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် တင်ဦးလေး၊ ဝါးခယ်မရဲမောင်၊ ရင်ဂို၊ စည်သူလွင်၊ တိုနီသစ်လွင်၊ မျိုးကျော့မြိုင်၊ မေဆွိ၊ ကော်နီ၊ ရှင်ဖုန်း၊ ရေဗက္ကာဝင်း၊ စိုးပြည့်သဇင်၊ ဂျူဝယ်လ်၊ ချမ်းမြေ့မောင်ချိုနှင့် မေလသံစဉ်တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး ယင်းတင်ဆက်မှုကို ဒီဇင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်