Skip to main content

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ် နှစ်သစ်ကူးတရားတော်အား ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည်

ရန်ကုန်  ဒီဇင်ဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကြီးမှူးကျင်းပမည့် နှစ်သစ်ကူးတရားတော်အား ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက် က ကျင်းပရေးကော်မတီထံမှ သိရသည်။

နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အခမ်းအနားကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း ပြည်သူ့ဥယျာဉ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၄ နှစ်ဆက်တိုက်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်အခြေအနေများကြောင့် ဆရာတော်များဟောကြားမည့်တရားတော်များအား ရုပ်သံလိုင်းများမှတဆင့်  နာကြားရန်စီစဉ်​ထား ကြောင်းသိရသည်။

၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ညစဉ် ၇ နာရီခွဲ မှစတင်၍ တရားတော်များဟောကြားမည်ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့ တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ  ၊ ဇန်နဝါရီ ၂ ရက်နေ့တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ၊ သီတဂူဆရာတော် (Ph.D,D.Litt) ဒေါက်တာဘဒ္ဒန္တ ဥာဏိဿရ ၊ ဇန်နဝါရီ ၃ ရက်နေ့တွင်(သ . စ . အ )ဓမ္မာစရိယ ၊ ပါဠိပါရဂူ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် (သ . စ . အ ) ဓမ္မာစရိယ၊ အဂ္ဂမဟာအကျော် ယောဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ ၊ ဇန်နဝါရီ ၅ ရက်နေ့တွင်  ဒီဃနိကာယအဂ္ဂဓမ္မာစရိယ တောင်စွန်းဆရာတော် ဓမ္မဘေရိဘဒ္ဒန္တဝိရိယ ၊ ဇန်နဝါရီ ၆ ရက်နေ့တွင် ရွှေပါရမီ ဆရာတော် အရှင်ဆန္ဒာဓိက ၊ ဇန်နဝါရီ ၇ ရက်နေ့တွင် ရဝေနွယ် - အင်းမဆရာတော် အရှင်ရာဇိန္ဒ တို့မှ ညစဉ် ၇ နာရီခွဲ တွင် SKY NET BUDDHA  Channel  ၊ Fortune TV ရုပ်သံလိုင်းနှင့် မဟာဗောဓိ ရုပ်သံလိုင်း တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပူ‌ဇော်မည်ဖြစ်​ကြောင်း သိရသည်။

ဆရာတော်များအားနဝကမ္မအဖြစ်လှူဒါန်းလိုပါက KBZ Bank - 225,302,005,002,306,01 / AYA

BANK - 005,322,201,000,4579 / Shwe Bank - 130,100,200,200,79200015 (ရုံးချုပ်) Account များနှင့် KBZ Pay- 09 785 001 238 / AYA Pay - 09963 073 777 / Wave Money - 09799 684 228 များသို့ ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။

# IPRD Yangon