Skip to main content

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့်အင်ဒိုနီးရှားနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၂
ယူနက်စကိုက ပံ့ပိုးစီစဉ်သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် အင်ဒို နီးရှားနိုင်ငံ သတင်းမီဒီယာကောင်စီတို့၏ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ ကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
အင်ဒိုနီးရှား သတင်းမီဒီယာကောင်စီက ဆွေးနွေးရာတွင် အင်ဒိုနီးရှားနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့အကြား MoU ရေးထိုးပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေမှု၊ တရားရုံးချုပ်နှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ သတင်းသမားများ လုံခြုံရေးနှင့်ဆိုင်သည့် ဆောင်ရွက်နေ မှုများ၊ ကိုဗစ်ကာလအတွင်း အင်ဒိုနီးရှားအစိုးရက သတင်းသမားများအား ထောက်ပံ့ပေးနေမှုအခြေအနေများကို ဆွေးနွေးပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်နေမှုအခြေအနေများ၊ သတင်းသမားများ တရားစွဲဆိုခံရမှုကို ညှိနှိုင်းပေး နေမှုများ၊ ကိုဗစ်ကာလအတွင်း သတင်းသမားများကို ထောက်ပံ့ပေးနေမှုများကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ယာယီဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်၊ အတွင်းရေးမှူး ဦးကျော်စွာမင်း၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်၊ အင်ဒိုနီးရှားနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး Mr. Asep Setiawan ၊ ကောင်စီဝင် Mr. Agus Sudibyo ၊ ယူနက်စကို မြန်မာရုံးမှ Mr. Ramon နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရာရှိ ဒေါ်နိုင်နိုင်အေးတို့ တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲကို ယူနက်စကို မြန်မာရုံးက ပံ့ပိုးကူညီပေးခြင်းဖြစ်ပြီး ပထမအကြိမ်အဖြစ် နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့ပြီး ယခု ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စွာမင်း