Skip to main content

လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လက်တွေ့ ဆောင်ရွက်နေသည့် ဝန်ဆောင်မှုပေးနေသူများ အတွက် "Trauma Informed Care" သင်တန်း (Virtual training) ကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၂၁ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနနှင့်  International Justice Mission (IJM) တို့ပူးပေါင်း၍ "Trauma Informed Care" သင်တန်းကို Online Training အဖြစ် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထွန်းဇော် က လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ပေးရာ၌ လူ့အသိုက် အဝန်းအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအနေဖြင့် စိတ်ပိုင်းဆိုင်ရာ၊ အသက်မွေး ဝမ်းကြောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားလုံးအကျုံးဝင်ပါကြောင်း၊ လူကုန်ကူးခံရသူများသည် ဘဝရပ်တည်မှု အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည့် အခြေအနေ များကြောင့် စိတ်ဒဏ်ရာများ ရှိနေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းတို့အား စောင့်ရှောက်မှု ပေးရာတွင် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါ ကြောင်း၊ ၎င်းတို့၏ စိတ်ဒဏ်ရာများကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အခက်အခဲများရှိနေနိုင်ပါကြောင်း၊ ယနေ့ကျင်းပသည့် သင်တန်းသည် လူကုန်ကူးခံရ သူများအတွက် အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းစေရန်၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်နေသည့် ဝန်ဆောင်မှု ပေးနေသူများအတွက် လူကုန်ကူးခံရသူများ၏ စိတ်ဒဏ်ရာများကို ပိုမိုသိရှိနားလည်ပြီး စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများရှိစေရေး ပိုမိုကောင်းမွန်‌ သောဝန်ဆောင်မှု များပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် သင်တန်းသား/ သူများ အနေဖြင့် သင်တန်းမှရရှိသည့် သင်ခန်းစာများကို မိမိတို့၏ လက်တွေ့ လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချစေလိုကြောင်း ပြောကြားသည်။

ထို့နောက် International Justice Mission မှ Regional Vice President ဖြစ်သူ Mr. Andrey Sawchenko က International Justice Mission(IJM) ၏ နောက်ခံသမိုင်း ကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို မိတ်ဆက် ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေး များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်းများမှ သင်တန်းသား/သူ (၃၀) တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂၁ မှ ၂၃ ရက်အထိ (၃)ရက်တာ ကျင်းပမည် ဖြစ်ပါကြောင်း သိရသည်။

(သတင်းစဉ်)