Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအား Video Conferencing စနစ်ဖြင့် တက်ရောက်

နေပြည်တော်  ဒီဇင်ဘာ ၂၂

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ ဌဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးအောင်မြင်ထွန်းနှင့် ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းရှင်များ တက်ရောက်ပါဝင်ဆွေးနွေး ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများလွယ်ကူချောမွေ့ရေးအတွက် လုပ်ထုံး လုပ်နည်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း()ခုမှ တင်ပြလာသော တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ဆိုင်ရာများကို အတည်ပြုပေးခဲ့ကြကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)