လမ်းမတော် ဒီဇင်ဘာ ၂၂
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Initiative for ASEAN Integration (IAI) Work Plan IV (2021-2025) ရေးဆွဲချမှတ်ထားပါသည်။ ၎င်း Work Plan ကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် Annual Initiative for ASEAN Integration (IAI) Review Virtual Meeting အား ယမန်နေ့တွင် ကျင်းပခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဒေဝ တက်ရောက်ဆွေးနွေးခဲ့သည်။
စင်ကာပူနိုင်ငံမှ ပံ့ပိုးပေးမည့် Online Capacity Building Training များနှင့် ပတ်သက်ပြီး အသင်းချုပ် အတွက် Trainee Quota ပိုမိုရရှိစေရေး၊ သင်တန်းအမျိုးအစားများ ပိုမိုပံ့ပိုးပေးရေးနှင့် သင်တန်းသား ခေါ်ယူရာတွင် အသင်းချုပ်ဘက်မှ Participant Selection Process ကို လုံလောက်သော အချိန်ကာလ ရရှိစေရန် အကြောင်းကြားပေးနိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စင်ကာပူသံရုံး သံရုံးယာယီတာဝန်ခံနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)