ရေကြည် ဒီဇင်ဘာ၂၁
ရေကြည်မြို့နယ် ငဝန်မြစ်အတွင်းရှိ ပိုက်သောင်တင်ဒါချက်များအနက်မှ ရပ်ရွာအခြေပြု ငါးလုပ်ငန်း အစုအဖွဲ့များသို့ ခွင့်ပြု ချထားပေးလျက်ရှိသော တင်ဒါချက်အစုအဖွဲ့များအား ယမန်နေ့က ရေကြည်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၌ မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးလွင်က ၂၀၁၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း၊ ရပ်ရွာ အခြေပြု ငါးလုပ်ငန်းအစုအဖွဲ့များနှင့် ပတ်သက်သော ပြဋ္ဌာန်းချက်များ၊ အစုအဖွဲ့ဝင်များနှင့် ကော်မတီဝင်များ၏ အရည်အချင်း သတ်မှတ်ချက်များ၊ တားမြစ်ချက်များ ပြစ်မှု၊ ပြစ်ဒဏ် ပြဋ္ဌာန်းချက်များ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသော အစုအဖွဲ့များ၏ ကိုယ်စားလှယ်များက သိလိုသည်များ မေးမြန်းရာ မြို့နယ်ဦးစီးဌာနမှူးက ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရေကြည်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်ထားမှုများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်